ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက်

ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက်
--------------------------------

၁။ သူတို့အတွေးနဲ့ သူတို့နေတယ်

ကုမ်ရာသီဖွားတွေက သူတို့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေချင်ကြတယ်၊ သူတို့အတွေးတွေနဲ့ သူတို့ ပတ်ရှုပ်နေတယ်။ တချို့အချိန်မှာ အတွေးလွန်နေတယ် .. ဒါမှမဟုတ် ကိစ္စသေးသေးလေးကို ချဲ့ကားပြီး အများကြီးတွေးတတ်ကြတယ်။ ဒါပေမဲ့ သူတို့ကို အဲ့ဒါသွားမပြောနဲ့။ သူတို့ကို ကြည့်လိုက်ရင် အားလုံးနဲ့ အဆက်ပြတ်နေပြီး အေးစက်စက်နိုင်သလိုဖြစ်ပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး။

၂။ မျက်စိစုံမှိတ်ချစ်တာမျိုးကို မကြိုက်ဘူး

ကုမ်ရာသီဖွားတွေက လက်တွေ့ကျကြပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေထဲက တစ်ခုပါပဲ။ အပိုတွေ၊ အပေါ်ယံဆန်တာမျိုးကိုလည်း မလိုလားဘူး။ သူတို့က တကယ့် အချစ်စစ်မျိုးကို ခံစားချင်ကြတာပါ။ သူတို့ကို တိုးတက်စေအောင် ကူညီပေးမယ့် အဖော်မျိုးကို လိုချင်ကြတာပါ။ ကိုယ်သဘောကျနေကြောင်းကို သိသာအောင်ပြတာမျိုးကိုလည်း သူတို့က သဘောပေါက်မယ်မထင်ပါနဲ့။

၃။ သဘောထားကွဲမယ့်ကိစ္စတွေကို ရှောင်တယ်

ကုမ်ရာသီဖွားတွေက သဘောထားကွဲဖို့ အချိန်မရှိကြပါဘူး၊ အားလုံးကို မျှမျှတတနဲ့ ပြေလည်သွားစေချင်ကြတယ်။ ပြဿနာတက်ဖို့် ဖြစ်လာပြီဆိုရင် သူတို့က ရပ်စဲဖို့လုပ်ကြတယ်။ သူတို့နဲ့ မကျေနပ်တာမျိုး ရှိခဲ့ရင် ကိုယ့်အကြောင်းအရာကို ပြေပြေလည်လည် ရှင်းရှင်းလင်းလင်း ပြောပါ၊ သွားပြီး မပေါက်ကွဲပြပါနဲ့။

၎။ သူတို့က အမြဲပြောင်းလဲနေတယ်

ကုမ်ရာသီဖွားတွေက ကိုယ်တိုင် တိုးတက်လိုစိတ်ရှိကြတယ်၊ သူတို့ရဲ့ အဖော်ကိုလည်း ဒီလို စိန်ခေါ်မှုတွေကြားကနေ တိုးတက်စေချင်ကြတယ်။ သူတို့ကို ဘယ်လိုပြောင်းလဲသင့်တယ် ဆိုပြီး သွားမပြောပါနဲ့ .. သူတို့ဒေါသတွေကို ဆွဲဆောင်နေသလို ဖြစ်နေလိမ့်မယ်၊ သူတို့နောက်ကနေ အေးအေးဆေးဆေးသာနေပါ။

၅။ သူတို့က သိပ်ကိုလွတ်လပ်ကြတယ်

ကုမ်ရာသီဖွားတစ်ယောက်နဲ့ စတွဲပြီဆိုရင် အသေးအဖွဲကစလို့ သင့်အပေါ်ကို မှီခိုဖို့ မမျှော်လင့်ပါနဲ့။ သူတို့က တော်တော်လေးကို အမှီအခိုကင်းကြပါတယ်။ အကျိုးဆက်က သူတို့ကို အချိန်များများပေးရပါမယ်။ သူတို့က ဘာကိုမှ အလောတကြီး မလုပ်တတ်ကြဘူး၊ ဖိအားပေးပြီးလုပ်တာမျိုးက အချည်းနှီးသာဖြစ်လိမ့်မယ်။

- အောင်ကျော်ဇေယျ

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်