လိုအပ်ချက်

သူ့အနေနဲ့ ...
တန်ဖိုးကြီး လက်ဆောင်တွေမလိုပါဘူး၊
ဈေးကြီးတဲ့ ညစာတွေလည်း မလိုပါဘူး၊
အဲ့ဒါတွေက ကောင်းတာမှန်ပေမဲ့ သူလိုအပ်တာက သင့်ကိုပါ။

သူရင်ဖွင့်ချင်တဲ့အချိန်ကျရင် နားထောင်ပေးတတ်ရမယ် ..
သူအခက်အခဲတွေ ကြုံတဲ့အခါ မှီပြီး အနားယူဖို့ ပုခုံးတစ်စုံ အသင့်ရှိနေရမယ် ..
သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ စိတ်ဓာတ်ကျနေရင် အားပေးစကားဆိုတတ်ရမယ်..
သူက သင့်အနားမှာရှိနေရင် လုံခြုံနေစေရမယ် ..

တန်ဖိုးထားပြီး ချစ်ပါ ..
စိတ်ရှည်သည်းခံပြီး ချစ်ပါ ..
စိတ်အားထက်သန်စွာ ချစ်ပါ ..
အနည်းဆုံးမဟုတ်ဘဲ နောက်ဆုံး အချစ်နဲ့ ချစ်ပါ ..
မပြောင်းလဲဘဲ ချစ်ပါ ...

သင့်အနေနဲ့ ဘယ်တုန်းကမှ အချစ်မခံရဖူးသူလို .. ပြန်ပြီး အချစ်ခံရမှာပေါ့ ...

©aungkyawzeya

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ