မမျှော်လင့်နဲ့ .. ဆုံးဖြတ်
အဲ့ဒီနေ့က ကျနော့ သူငယ်ချင်းကို လေယာဉ်ကွင်းမှာ လာကြိုနေတာပါ။ ကျနော့အတွက်ကတော့ ဘဝနဲ့ ဆိုင်တဲ့ အတွေ့အကြုံတစ်ခု ရလိုက်တဲ့နေ့လို့ ဆိုရမှာပဲ။ ကျနော်နဲ့ ၂ ပေလောက်ပဲ ကွာတဲ့နေရာက မြင်ကွင်းလေးကို မြင်ပြီးတော့ပေါ့ဗျာ။ လေယာဉ်ပေါ်က ဆင်းလာတဲ့ ခရီးသည်တွေထဲကနေ ကျနော့ သူငယ်ချင်းကို လိုက်ရှာနေတယ်၊ ကျနော်ရှိတဲ့ နေရာဘက်ကို ဦးတည်လာတဲ့ လူတစ်ယောက်ကို ကျနော် သတိထားမိတယ်။ သူက အိတ်အသေးနှစ်အိတ်ကို လက်ထဲဆွဲထားတယ်။ ကျနော့ဘေးမှာ လာကြိုတဲ့ သူ့မိသားစုကို နှုတ်ဆက်နေတယ်။ ပထမဆုံး သူ့သားအငယ်လေးကို နှုတ်ဆက်နေတယ် (သူ့သားငယ်လေးက ၆ နှစ်လောက်တော့ ရှိမယ်) သူ့လက်ထဲက အိတ်တွေကို ဘေးချရင်းပေါ့။ သူ့သားကို ပွေ့ဖက်လိုက်ပြီး ... "ဝမ်းသာလိုက်တာ .. သားကို ဖေကြီးက သိပ်လွမ်းနေတာ .. သားရဲ့.." သူ့သားငယ်လေးက ရှက်ပြုံးလေး ပြုံးလိုက်တယ်၊ ပြီးမှ မျက်နှာလွှဲလိုက်ရင်း .. "သားရော လွမ်းနေတာ .." တဲ့။ အဲ့ဒီလူက မတ်တပ်ထပြီး သူ့သားကြီးကို ငေးကြည့်နေတယ်၊ (သူ့သားကြီးက ၉ နှစ် ၁၀ နှစ် အရွယ်ပါ) သူ့သားမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး.. "ငါ့သားတောင် အရွ...