Posts

Showing posts from August, 2021

Honey Garlic Chicken

Image
Honey Garlic Chicken (ပျားရည် ကြက်သွန်ဖြူဆော့စ် ကြက်ကြော်) (9th August, 2020) မထင်မှတ်ဘဲ တော်တော် စားကောင်းသွားတဲ့ ကြက်ကြော်လေးပါ။ တော်တော်လည်း ရိုးစင်းတယ်။ ကိုယ်တိုင်လုပ် ကြက်သွန်ဖြူဆော့စ်ကို အခြေခံပြီး ပျားရည်နံ့မွှေးမွှေး၊ ကြက်ကြော်ကြွပ်ကြွပ်တို့ရဲ့ ပေါင်းစပ်မှု။  ဒီနေ့ အမေက ကြက်သားဝယ်ထားတယ်၊ ဘယ်လိုချက်မလဲပေါ့။ ကိုယ်လည်း စဉ်စားနေမိတာ။ ခါတိုင်းလိုပဲ ကြော်ရမလား၊ ကင်ရမလား။  Inspiration ဘယ်လိုရသလဲဆိုတာလေး ရေးဦးမယ်။ 😁 လွန်ခဲ့တဲ့ ၄ - ၅ နှစ်လောက်က လူတစ်ယောက်ကို ရူးရူးမူးမူး သဘောကျနေမိတဲ့ အချိန်တုန်းကပေါ့။ အဲ့တုန်းက ကိုယ်လည်း ဟင်းဘာမှ မချက်တတ်ခဲ့ဘူး။ သိပ်လည်း နားမလည်ခဲ့ဘူး။  သူက တစ်နေ့ကျတော့ ပျားရည် ကြက်ကြော်လေး တင်ထားတယ်။ သူကိုယ်တိုင် ကြော်တယ်ပေါ့လေ။ ကိုယ့်မှာ အဲ့တုန်းက တအံ့တဩ။ ပျားရည်နဲ့ ကြက်ဆို ကောင်းပါ့မလားပေါ့။ တော်လိုက်တာပေါ့။ စသဖြင့် အတွေးထဲ မှတ်မှတ်ထင်ထင် ရှိနေခဲ့တယ်။  အခု နည်းနည်းပါးပါး ချက်တတ်လာတော့ ပျားရည်ကြက်ကြော်လေး ကြော်မယ်ဆိုတဲ့အတွေး အမြဲရှိခဲ့တယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။  အဲ့တုန်းက သူကြော်တာ သိပ်တော့ စားချင်စဖွယ် မဟုတ်ပါဘူး။ ကြက်ကို ပျားရည်နဲ့ နယ်ပြီး ကြော်ထားသလိုပါ။ အရောင်

ကြက်သားဆီပြန်

Image
 ကြက်ဆီပြန်  (13th December, 2020) ဒီနေ့က ရိုးရိုးရှင်းရှင်း ကြက်ဆီပြန်လေး။  အိမ်က အနှစ်များများ ကြိုက်ကြလို့ ကြက်သွန်နီ များများလေးနဲ့ ချက်ထားတယ်။  အိမ်မှာ စားနေကျပုံစံက  - အနံ့မကျန် (အဓိကက အသားနံ့ပေါ့လေ၊ ကြက်သွန်နံ့တွေ၊ ဆနွင်းနံ့တွေ ဘာတွေ ကျန်ရင် မကြိုက်ကြ)  - အသားနူး (အသားကို တော်တော်နူးတဲ့အထိ ချက်မှ ကြိုက်တယ်၊ အရမ်းကြီး ကိုက်ရ ဖဲ့ရတာ မကြိုက်) - အနှစ်များ (အနှစ်များများလေးဆို နယ်စားလို့ ကောင်းမှကောင်း)  အခု ဒီဟင်းမှာက ခရမ်းချဉ်သီး မသုံးထားဘူး။ ခပ်ရိုးရိုးပဲ။ ဒါပေမဲ့ သိပ်တော့ မရိုးရှင်းဘူး။ အသားနှပ်တဲ့အချိန် ထည့်တာတွေ များတယ်။  ကြက်က ရှမ်းကြက်ကို သုံးထားတယ်။ အရောင်လေးလည်း လှအောင် နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်ကို အကောင်းထဲက သုံးထားတယ်။  ခါတိုင်း ချက်ရင် မဆလာလေးနဲ့ ချက်တယ်။ ဒီအခုကျ မဆလာ မသုံးထားဘဲ မွှေးနေအောင် ချက်တယ်။ ပြီးမှ ကိုယ့်ခြံထဲက နံနံပင်လေး ခူးပြီး အုပ်လိုက်တာ။ ဒါပဲ။  တချို့က ကိုယ့်ကို ဗမာဟင်း မချက်ဘူးလို့ ထင်ကြတယ်။ ပုံမတင်ဖြစ်လို့သာ။  တကယ်ပါ၊ ဗမာထမင်းဟင်းချက်ရင် ထမင်းမြိန်တယ်။ ဘာမှမဟုတ်ဘဲ ဆီပြန်ဟင်းတခွက်၊ ချဉ်ရည်ဟင်း၊ ငရုတ်သီးထောင်းလေးနဲ့ဆို မြိန်မှမြိန်ပဲ။  ဆီပြန်ဟင်းကတော့

မာလာကြက်ကြော်

Image
 မာလာကြက်ကြော် (31st December, 2020)  ကြက်ကြော်တွေကို အမျိုးစုံ ကြိုးခုန်ပြီး ကြော်နေတာ ဒီတစ်ခေါက် အလှည့်ကျတာက မာလာကြက်ကြော်ပါ။  သာမန် ကြက်ကြော်ကြွပ်ကြွပ်လေးကိုမှ မာလာအနံ့ မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ကြော်ထားတယ်ပေါ့။  အိမ်ကလူတွေက အစပ်နဲ့ အထုံ ပြင်းတာကို မကြိုက်ကြဘူး။ အရင်ကြော်တုန်းက အစပ်ကဲသွားဖူးတယ်။ ဒီတစ်ခါကျ ကွက်တိဖြစ်သွားပြီ။  ပိုလည်း ကြွပ်တယ်။  မာလာအနံ့ကလေ ပြောလို့ပြောတာမဟုတ်ဘူး၊ အနံ့ရလိုက်တာနဲ့ စားချင်သွားစေတယ်။ အရသာကျ ထုံစပ်မွှေး။ ဒါကိုမှ ကြက်ကြော်နဲ့ ပေါင်းစပ်ထားတာ။ လူတိုင်း ကြက်ကြော်ကြိုက်ကြတယ် ထင်တာပဲ။  ဒါပေမဲ့ လျှို့ဝှက်ချက်က မာလာဆော့စ်လုပ်တဲ့အချိန်ပါ။ မာလာအနှစ်ကို ရော့အင့်ဆိုပြီး ထည့်နယ်ထားတာ မဟုတ်ဘူးရယ်။ ဖြတ်ပြေးအရသာလေးလောက်ပဲ လိုချင်တာကိုး။ မဟုတ်ရင် ခပ်ပြင်းပြင်း ဖြစ်သွားရော။  သူ့အရသာက တော်တော် အဆင်ပြေတယ်။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲ စားစား အဆင်ပြေတယ်။ ကြက်ကြော် ကြွပ်ကြွပ်လေးကြောင့် ထပ်ခါထပ်ခါ စားချင်မိတယ်။  အခုဆို ၂၀၂၀ လည်း ကုန်ပြီ။ ဒီနှစ်ထဲ အိမ်မှာ အနေများတော့ တစ်မျိုးပြီးတစ်မျိုး ချက်ပြုတ်ကြော်လှော်ဖြစ်တယ်။ အဆိုးထဲက အကောင်းပေါ့လေ။  နောက်နှစ်ထဲမှာ ကိုယ်ချစ်ရ ခင်ရတဲ့ သ