Posts

Showing posts from May, 2021

ဝက်နံရိုးစွပ်ပြုတ်

Image
 နံရိုးစွပ်ပြုတ် (22nd January, 2021) မီးမတောက်တဲ့ နံရိုးပါ 🤷🏼 နံရိုးမီးတောက်ကို ခဏခဏလုပ်ဖြစ်တယ်။ လုပ်တိုင်းလည်း စိတ်တိုင်းမကျဘူး။  ဆိုင်တွေက ဝယ်စားရင် သူတို့က ရိုးရိုးရှင်းရှင်းလေး လုပ်ထားပြီး အရသာက ကောင်းနေတာ။ ကိုယ်လည်း သူများချက်နည်းတွေ တွေ့သလောက် လိုက်လုပ်ကြည့်တာပဲ။ စိတ်ကြိုက်မဖြစ်တာ ခက်တယ်။  အဲ့လိုနဲ့ မီးတောက်ဖို့ စိတ်မကူးတော့ဘူး။  - အသားမှာ အနံ့ကျန်လို့ မဖြစ်ဘူး - ချဉ်ရမယ် - စပ်ရမယ် - မွှေးရမယ် - အရသာရှိရမယ် - အသားနူးရမယ် ဒါကိုပဲ တွေးပြီး ချက်လိုက်တယ်။ အရိုးရှင်းဆုံးပေါ့လေ။  အရင်တစ်ခေါက်လုပ်တော့ အသားထဲ အရသာမဝင်ဘူးဖြစ်နေတာ။ ဒီတခေါက် အဲ့ဒါကို ဂရုစိုက်တော့ အသားထဲထိ အရသာရှိတယ်။ တိုးတက်လာတယ်ပေါ့လေ။  အရင်ကတော့ အရွက်တွေ ထည့်တယ်။ ချက်နည်းတစ်မျိုးမှာ အရွက်တစ်မျိုးပါတော့ ကိုယ်လည်း လိုက်ချက်ရတာ မလွယ်ဘူး။  ခုတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်မြိတ်ရယ်ပဲ .. ဒီလောက်ပဲ အပေါ်ကနေ အုပ်လိုက်တယ်။  ချဉ်ချဉ်စပ်စပ်လေးဆိုတော့ အအီပြေပြီး ထပ်ခါထပ်ခါ စားချင်စေတယ်။ အရည်ကလည်း အရသာရှိတာကိုး။ ထမင်းနဲ့ စားစား၊ ဒီတိုင်း အားတိုင်းပဲစားစား။  ခုထိ မီးမတောက်နိုင်နေသေးတာ မကျေနပ်ဘူး။ သူများတွေကတော့ ကျောရိုးသု

ဘီယာဝက်သားကင်

Image
 ဘီယာဝက်သားကင်  (31st January, 2021) အသားကို ဘီယာနဲ့ နှပ်ဖို့ စိတ်ကူးခဲ့တာကြာပြီ။ ဟိုနေ့က ကြုံတုန်း ဘီယာလေးတစ်ဘူး ဝယ်ခဲ့တာ။ မနေ့က နှပ်ဖြစ်သွားတယ်ပေါ့လေ။  ဘီယာနဲ့ နှပ်ဖူးတာ ဒါဒုတိယအကြိမ်။ ပထမက ကြက်သားကင်တာ။  သိပ်ပြီး ထူးထူးထွေထွေ နှပ်တာတော့ မဟုတ်ပါဘူး။ အသားကို ကင်မှာဆိုတော့ အကင်တွေ နှပ်သလိုပဲ နှပ်တယ်။ အရသာစုံအောင်၊ မွှေးအောင်ပေါ့။ ပြီးတော့ ဘီယာကို ပိုပိုသာသာလေး ထည့်နှပ်တယ်။ တစ်ညလောက်။  ဒီနေ့ညနေကျ ကင်တယ်။ မီးသွေးနဲ့ ကင်တာက အကောင်းဆုံးပဲ။  ဘီယာနဲ့ နှပ်တဲ့အသားရဲ့ ထူးခြားချက်က အရမ်းကို နူးညံ့တာပဲ။ ပါးစပ်ထဲ ဝါးကြည့်လိုက်တာနဲ့ တော်တော်သိသာတယ်။  ဘီယာကို နည်းနည်းများများလေး ထည့်ထားတော့ သူ့အနံ့ ခပ်ဖျော့ဖျော့လေး ကျန်တယ်။  ဆိုင်တွေမှာ သူများ အရက်နဲ့ နှပ်တဲ့ အသားကင်တွေ အရသာအတိုင်းပဲ။ ဆိုင်အရသာလို ဖြစ်သွားတာ။ အသားလည်း တော်တော်လေး နူးလွယ်၊ ကျက်လွယ်တယ်။  ကိုယ်က အဲလို သိသာတာမျိုးကို ကြိုက်တာ။ ဘီယာအကောင်းနဲ့ နှပ်လို့ အရသာက ထူးထူးခြားခြား ပိုကောင်းလာတာမျိုးပေါ့။  ထမင်းပူပူလေးနဲ့ တွဲစားတာ၊ အချဉ်ရည်လေးနဲ့ တို့စားတာ၊ ခေါက်ဆွဲပြုတ်လေးနဲ့စားတာ စသဖြင့် အကုန်လိုက်ဖက်တယ်။ ကင်ပြီဆို အဓိကက မီးခိုးနံ့လေး ပါဖို့ပဲ။