Posts

Showing posts from April, 2021

ကြာစွယ်အကြွပ်ကြော်

Image
 ကြာစွယ်အကြွပ်ကြော် (10th January, 2020) တနေ့က ပိုတဲ့ ကြာစွယ်တွေကို ဘယ်လိုလုပ်စားရမလဲ စဉ်းစားရင်းနဲ့ ကြော်စားကြည့်မိတယ်။ အာလူးကြော်လိုမျိုးလေး လုပ်ချင်တာ။  ပါးပါးလေး လှီးပြီး ကြွပ်နေအောင် ကြော်တယ်။ တစ်ဝက်ကို ဒီတိုင်းကြော်တယ်၊ တစ်ဝက်ကို အကြော်မှုန့်နဲ့ ကြော်တယ်။ ခုမှ စမ်းကြော်တာဆိုတော့လေ။  အဆင်အရမ်းပြေတယ်။  ကြွပ်ရွနေတော့ စားလို့ အရမ်းကိုကောင်းတယ်။ အာလူးကြော်လိုပဲ၊ ဒါပေမဲ့ ကြာစွယ်မှာက သူ့သဘာဝအချိုဓာတ်ရှိတယ်။  ကြော်ပြီး ကြက်သားမှုန့်နဲ့နယ်တယ်။ တရုတ်အစပ်မှုန့်မွှေးမွှေးလေးဖြူးတယ်။ ဘယ်လိုစားကောင်းမှန်းကို မသိတာ။ မာလာအမှုန့်တွေ ဘာတွေ မဝယ်ထားမိရင် ကြက်သားမှုန့်နဲ့ ငရုတ်မှုန့်လေးနဲ့ဆိုရင်ကို အဆင်ပြေပြီ။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲစားစား စားပြီးရင်း စားချင်နေတော့တာပဲ 😅 - အောင်ကျော်ဇေယျ