ဝက်နံရိုးစွပ်ပြုတ်

 နံရိုးစွပ်ပြုတ်

(22nd January, 2021)


မီးမတောက်တဲ့ နံရိုးပါ 🤷🏼

နံရိုးမီးတောက်ကို ခဏခဏလုပ်ဖြစ်တယ်။ လုပ်တိုင်းလည်း စိတ်တိုင်းမကျဘူး။ 

ဆိုင်တွေက ဝယ်စားရင် သူတို့က ရိုးရိုးရှင်းရှင်းလေး လုပ်ထားပြီး အရသာက ကောင်းနေတာ။ ကိုယ်လည်း သူများချက်နည်းတွေ တွေ့သလောက် လိုက်လုပ်ကြည့်တာပဲ။ စိတ်ကြိုက်မဖြစ်တာ ခက်တယ်။ 


အဲ့လိုနဲ့ မီးတောက်ဖို့ စိတ်မကူးတော့ဘူး။ 

- အသားမှာ အနံ့ကျန်လို့ မဖြစ်ဘူး

- ချဉ်ရမယ်

- စပ်ရမယ်

- မွှေးရမယ်

- အရသာရှိရမယ်

- အသားနူးရမယ်

ဒါကိုပဲ တွေးပြီး ချက်လိုက်တယ်။ အရိုးရှင်းဆုံးပေါ့လေ။ 



အရင်တစ်ခေါက်လုပ်တော့ အသားထဲ အရသာမဝင်ဘူးဖြစ်နေတာ။ ဒီတခေါက် အဲ့ဒါကို ဂရုစိုက်တော့ အသားထဲထိ အရသာရှိတယ်။ တိုးတက်လာတယ်ပေါ့လေ။ 

အရင်ကတော့ အရွက်တွေ ထည့်တယ်။ ချက်နည်းတစ်မျိုးမှာ အရွက်တစ်မျိုးပါတော့ ကိုယ်လည်း လိုက်ချက်ရတာ မလွယ်ဘူး။ 


ခုတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်မြိတ်ရယ်ပဲ .. ဒီလောက်ပဲ အပေါ်ကနေ အုပ်လိုက်တယ်။ 


ချဉ်ချဉ်စပ်စပ်လေးဆိုတော့ အအီပြေပြီး ထပ်ခါထပ်ခါ စားချင်စေတယ်။ အရည်ကလည်း အရသာရှိတာကိုး။ ထမင်းနဲ့ စားစား၊ ဒီတိုင်း အားတိုင်းပဲစားစား။ 


ခုထိ မီးမတောက်နိုင်နေသေးတာ မကျေနပ်ဘူး။ သူများတွေကတော့ ကျောရိုးသုံးတာ ထင်တယ်။ အချောင်းရှည်တော့ လှတယ်ပေါ့။ ကိုယ်ကတော့ အသားဆိုင်က အန်တီရဲ့ စေတနာတွေနဲ့ အသားတွေထူတဲ့ နံရိုးလေးနဲ့ ဖန်တီးဖြစ်တယ်ပေါ့။ 


ဒီခေါက် တကယ်ကို စားကောင်းခဲ့တယ်။


- အောင်ကျော်ဇေယျ 

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ္ခ်က္