Popular posts from this blog
နာက်င္မႈ
ဘီယာဝက်သားကင်
ဘီယာဝက်သားကင် (31st January, 2021) အသားကို ဘီယာနဲ့ နှပ်ဖို့ စိတ်ကူးခဲ့တာကြာပြီ။ ဟိုနေ့က ကြုံတုန်း ဘီယာလေးတစ်ဘူး ဝယ်ခဲ့တာ။ မနေ့က နှပ်ဖြစ်သွားတယ်ပေါ့လေ။ ဘီယာနဲ့ နှပ်ဖူးတာ ဒါဒုတိယအကြိမ်။ ပထမက ကြက်သားကင်တာ။ သိပ်ပြီး ထူးထူးထွေထွေ နှပ်တာတော့ မဟုတ်ပါဘူး။ အသားကို ကင်မှာဆိုတော့ အကင်တွေ နှပ်သလိုပဲ နှပ်တယ်။ အရသာစုံအောင်၊ မွှေးအောင်ပေါ့။ ပြီးတော့ ဘီယာကို ပိုပိုသာသာလေး ထည့်နှပ်တယ်။ တစ်ညလောက်။ ဒီနေ့ညနေကျ ကင်တယ်။ မီးသွေးနဲ့ ကင်တာက အကောင်းဆုံးပဲ။ ဘီယာနဲ့ နှပ်တဲ့အသားရဲ့ ထူးခြားချက်က အရမ်းကို နူးညံ့တာပဲ။ ပါးစပ်ထဲ ဝါးကြည့်လိုက်တာနဲ့ တော်တော်သိသာတယ်။ ဘီယာကို နည်းနည်းများများလေး ထည့်ထားတော့ သူ့အနံ့ ခပ်ဖျော့ဖျော့လေး ကျန်တယ်။ ဆိုင်တွေမှာ သူများ အရက်နဲ့ နှပ်တဲ့ အသားကင်တွေ အရသာအတိုင်းပဲ။ ဆိုင်အရသာလို ဖြစ်သွားတာ။ အသားလည်း တော်တော်လေး နူးလွယ်၊ ကျက်လွယ်တယ်။ ကိုယ်က အဲလို သိသာတာမျိုးကို ကြိုက်တာ။ ဘီယာအကောင်းနဲ့ နှပ်လို့ အရသာက ထူးထူးခြားခြား ပိုကောင်းလာတာမျိုးပေါ့။ ထမင်းပူပူလေးနဲ့ တွဲစားတာ၊ အချဉ်ရည်လေးနဲ့ တို့စားတာ၊ ခေါက်ဆွဲပြုတ်လေးနဲ့စားတာ စသဖြင့် အကုန်လိုက...
Comments
Post a Comment