Honey Garlic Chicken
Honey Garlic Chicken (ပျားရည် ကြက်သွန်ဖြူဆော့စ် ကြက်ကြော်) (9th August, 2020) မထင်မှတ်ဘဲ တော်တော် စားကောင်းသွားတဲ့ ကြက်ကြော်လေးပါ။ တော်တော်လည်း ရိုးစင်းတယ်။ ကိုယ်တိုင်လုပ် ကြက်သွန်ဖြူဆော့စ်ကို အခြေခံပြီး ပျားရည်နံ့မွှေးမွှေး၊ ကြက်ကြော်ကြွပ်ကြွပ်တို့ရဲ့ ပေါင်းစပ်မှု။ ဒီနေ့ အမေက ကြက်သားဝယ်ထားတယ်၊ ဘယ်လိုချက်မလဲပေါ့။ ကိုယ်လည်း စဉ်စားနေမိတာ။ ခါတိုင်းလိုပဲ ကြော်ရမလား၊ ကင်ရမလား။ Inspiration ဘယ်လိုရသလဲဆိုတာလေး ရေးဦးမယ်။ 😁 လွန်ခဲ့တဲ့ ၄ - ၅ နှစ်လောက်က လူတစ်ယောက်ကို ရူးရူးမူးမူး သဘောကျနေမိတဲ့ အချိန်တုန်းကပေါ့။ အဲ့တုန်းက ကိုယ်လည်း ဟင်းဘာမှ မချက်တတ်ခဲ့ဘူး။ သိပ်လည်း နားမလည်ခဲ့ဘူး။ သူက တစ်နေ့ကျတော့ ပျားရည် ကြက်ကြော်လေး တင်ထားတယ်။ သူကိုယ်တိုင် ကြော်တယ်ပေါ့လေ။ ကိုယ့်မှာ အဲ့တုန်းက တအံ့တဩ။ ပျားရည်နဲ့ ကြက်ဆို ကောင်းပါ့မလားပေါ့။ တော်လိုက်တာပေါ့။ စသဖြင့် အတွေးထဲ မှတ်မှတ်ထင်ထင် ရှိနေခဲ့တယ်။ အခု နည်းနည်းပါးပါး ချက်တတ်လာတော့ ပျားရည်ကြက်ကြော်လေး ကြော်မယ်ဆိုတဲ့အတွေး အမြဲရှိခဲ့တယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။ အဲ့တုန်းက သူကြော်တာ သိပ်တော့ စားချင်စဖွယ် မဟုတ်ပါဘူး။ ကြက်ကို ပျားရည်နဲ့ နယ်ပြီ...