ကြက်သားဆီပြန်

 ကြက်ဆီပြန် 

(13th December, 2020)


ဒီနေ့က ရိုးရိုးရှင်းရှင်း ကြက်ဆီပြန်လေး။ 

အိမ်က အနှစ်များများ ကြိုက်ကြလို့ ကြက်သွန်နီ များများလေးနဲ့ ချက်ထားတယ်။ 


အိမ်မှာ စားနေကျပုံစံက 

- အနံ့မကျန် (အဓိကက အသားနံ့ပေါ့လေ၊ ကြက်သွန်နံ့တွေ၊ ဆနွင်းနံ့တွေ ဘာတွေ ကျန်ရင် မကြိုက်ကြ) 

- အသားနူး (အသားကို တော်တော်နူးတဲ့အထိ ချက်မှ ကြိုက်တယ်၊ အရမ်းကြီး ကိုက်ရ ဖဲ့ရတာ မကြိုက်)

- အနှစ်များ (အနှစ်များများလေးဆို နယ်စားလို့ ကောင်းမှကောင်း) 


အခု ဒီဟင်းမှာက ခရမ်းချဉ်သီး မသုံးထားဘူး။ ခပ်ရိုးရိုးပဲ။ ဒါပေမဲ့ သိပ်တော့ မရိုးရှင်းဘူး။ အသားနှပ်တဲ့အချိန် ထည့်တာတွေ များတယ်။ 


ကြက်က ရှမ်းကြက်ကို သုံးထားတယ်။ အရောင်လေးလည်း လှအောင် နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်ကို အကောင်းထဲက သုံးထားတယ်။ 

ခါတိုင်း ချက်ရင် မဆလာလေးနဲ့ ချက်တယ်။ ဒီအခုကျ မဆလာ မသုံးထားဘဲ မွှေးနေအောင် ချက်တယ်။ ပြီးမှ ကိုယ့်ခြံထဲက နံနံပင်လေး ခူးပြီး အုပ်လိုက်တာ။ ဒါပဲ။ 



တချို့က ကိုယ့်ကို ဗမာဟင်း မချက်ဘူးလို့ ထင်ကြတယ်။ ပုံမတင်ဖြစ်လို့သာ။ 

တကယ်ပါ၊ ဗမာထမင်းဟင်းချက်ရင် ထမင်းမြိန်တယ်။ ဘာမှမဟုတ်ဘဲ ဆီပြန်ဟင်းတခွက်၊ ချဉ်ရည်ဟင်း၊ ငရုတ်သီးထောင်းလေးနဲ့ဆို မြိန်မှမြိန်ပဲ။ 


ဆီပြန်ဟင်းကတော့ အမြဲမစားသင့်ဘူးပေါ့။ ဆီကျန် ရေကျန်လေး ချက်စားသင့်တယ်လို့ အကြံပြုကြတာပဲ။ 


ဒါပေမဲ့ အိမ်ချက်ဖြစ်တဲ့အတွက် သေချာလေးတော့ ဂရုစိုက်နိုင်တာပေါ့။ ဆီဆိုရင် နေကြာဆီ၊ နနွင်းမှုန့်တွေ အရောင်တင်မှုန့်တွေဆိုရင်လည်း ဆိုးဆေးကင်း၊ aflatoxin ကင်းတာကို ရွေးသုံးတာမျိုး စသဖြင့်။ 


မဆလာနဲ့ချက်တုန်းကတော့ ပုံတွေ မတင်ဖြစ်လိုက်ဘူး။


- အောင်ကျော်ဇေယျ

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ္ခ်က္