မာလာကြက်ကြော်

 မာလာကြက်ကြော်

(31st December, 2020) 


ကြက်ကြော်တွေကို အမျိုးစုံ ကြိုးခုန်ပြီး ကြော်နေတာ ဒီတစ်ခေါက် အလှည့်ကျတာက မာလာကြက်ကြော်ပါ။ 


သာမန် ကြက်ကြော်ကြွပ်ကြွပ်လေးကိုမှ မာလာအနံ့ မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ကြော်ထားတယ်ပေါ့။ 


အိမ်ကလူတွေက အစပ်နဲ့ အထုံ ပြင်းတာကို မကြိုက်ကြဘူး။ အရင်ကြော်တုန်းက အစပ်ကဲသွားဖူးတယ်။ ဒီတစ်ခါကျ ကွက်တိဖြစ်သွားပြီ။ 

ပိုလည်း ကြွပ်တယ်။ 


မာလာအနံ့ကလေ ပြောလို့ပြောတာမဟုတ်ဘူး၊ အနံ့ရလိုက်တာနဲ့ စားချင်သွားစေတယ်။ အရသာကျ ထုံစပ်မွှေး။ ဒါကိုမှ ကြက်ကြော်နဲ့ ပေါင်းစပ်ထားတာ။ လူတိုင်း ကြက်ကြော်ကြိုက်ကြတယ် ထင်တာပဲ။ 


ဒါပေမဲ့ လျှို့ဝှက်ချက်က မာလာဆော့စ်လုပ်တဲ့အချိန်ပါ။ မာလာအနှစ်ကို ရော့အင့်ဆိုပြီး ထည့်နယ်ထားတာ မဟုတ်ဘူးရယ်။ ဖြတ်ပြေးအရသာလေးလောက်ပဲ လိုချင်တာကိုး။ မဟုတ်ရင် ခပ်ပြင်းပြင်း ဖြစ်သွားရော။ 


သူ့အရသာက တော်တော် အဆင်ပြေတယ်။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲ စားစား အဆင်ပြေတယ်။ ကြက်ကြော် ကြွပ်ကြွပ်လေးကြောင့် ထပ်ခါထပ်ခါ စားချင်မိတယ်။ 


အခုဆို ၂၀၂၀ လည်း ကုန်ပြီ။ ဒီနှစ်ထဲ အိမ်မှာ အနေများတော့ တစ်မျိုးပြီးတစ်မျိုး ချက်ပြုတ်ကြော်လှော်ဖြစ်တယ်။ အဆိုးထဲက အကောင်းပေါ့လေ။ 


နောက်နှစ်ထဲမှာ ကိုယ်ချစ်ရ ခင်ရတဲ့ သူတွေကို ကိုယ့်လက်ရာလေး ကျွေးချင်မိတယ်။ ဆန္ဒပဲရှိတာ ခုထိ အကောင်အထည် မဖော်နိုင်သေးဘူး။


- အောင်ကျော်ဇေယျ 

Comments

Popular posts from this blog

နာက်င္မႈ

လိုအပ္ခ်က္