Posts

Showing posts from March, 2016

ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက်

Image
ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက် -------------------------------- ၁။ သူတို့အတွေးနဲ့ သူတို့နေတယ် ကုမ်ရာသီဖွားတွေက သူတို့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေချင်ကြတယ်၊ သူတို့အတွေးတွေနဲ့ သူတို့ ပတ်ရှုပ်နေတယ်။ တချို့အချိန်မှာ အတွေးလွန်နေတယ် .. ဒါမှမဟုတ် ကိစ္စသေးသေးလေးကို ချဲ့ကားပြီး အများကြီးတွေးတတ်ကြတယ်။ ဒါပေမဲ့ သူတို့ကို အဲ့ဒါသွားမပြောနဲ့။ သူတို့ကို ကြည့်လိုက်ရင် အားလုံးနဲ့ အဆက်ပြတ်နေပြီး အေးစက်စက်နိုင်သလိုဖြစ်ပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ၂။ မျက်စိစုံမှိတ်ချစ်တာမျိုးကို မကြိုက်ဘူး ကုမ်ရာသီဖွားတွေက လက်တွေ့ကျကြပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေထဲက တစ်ခုပါပဲ။ အပိုတွေ၊ အပေါ်ယံဆန်တာမျိုးကိုလည်း မလိုလားဘူး။ သူတို့က တကယ့် အချစ်စစ်မျိုးကို ခံစားချင်ကြတာပါ။ သူတို့ကို တိုးတက်စေအောင် ကူညီပေးမယ့် အဖော်မျိုးကို လိုချင်ကြတာပါ။ ကိုယ်သဘောကျနေကြောင်းကို သိသာအောင်ပြတာမျိုးကိုလည်း သူတို့က သဘောပေါက်မယ်မထင်ပါနဲ့။ ၃။ သဘောထားကွဲမယ့်ကိစ္စတွေကို ရှောင်တယ် ကုမ်ရာသီဖွားတွေက သဘောထားကွဲဖို့ အချိန်မရှိကြပါဘူး၊ အားလုံးကို မျှမျှတတနဲ့ ပြေလည်သွားစေချင်ကြတယ်။ ပြဿနာတက်ဖို့် ဖြစ်လာပြီဆိုရင်...

အာလူး၊ ကြက်ဥ နဲ့ ကော်ဖီမှုန့်

Image
တစ်နေ့မှာ သမီးဖြစ်သူက သူ့ဘဝဟာ စိတ်ချမ်းမြေ့စရာမကောင်းကြောင်း၊ ဘာဆက်လုပ်လို့ လုပ်ရမလဲမသိကြောင်း ဖခင်ဖြစ်သူကို မကျေမနပ်ပြောပြနေတယ်။ ဒီလိုဒုက္ခတွေ၊ စိတ်ညစ...

အချစ်ရဲ့ အရေးပါပုံ

Image
တစ်ခါတုန်းက စိတ်ခံစားချက်အကုန်လုံးဟာ အားလပ်ရက်အတွက် ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြတယ်။ သူတို့ရဲ့ သဘာဝအခြေအနေအရ အာလုံးက ကောင်းမွန်နေကြတယ်။ ရုတ်တရက် မ...

နာကျင်မှု

Image
သိနေရတာကိုက နာကျင်နေတာ .. မနာကျင်ချင်လို့ မသိချင်ယောင်ဆောင်ထားတာ .. ထပ်နာကျင်မှာစိုးလို့ ထပ်သိဖို့မကြိုးစားတော့တာ ..

အချစ်စစ်ကို ရှာဖွေခြင်း

Image
ဒီဇာတ်လမ်းလေးကတော့ အချစ်အကြောင်းပါ။ အန်နာ (Anna) ဆိုတဲ့ ၁၄ နှစ်အရွယ် ကောင်မလေးအကြောင်းကို အရင်ပြောကြတာပေါ့။ အန်နာ ဆိုတာက ညီမလေးတစ်ယောက်နဲ့အတူ သူ့ရဲ့ ၁၄နှစ်သမီး...

ဖက်တီးမကြီး

(လူတစ်ယောက် လှတယ် မလှဘူးဆိုတာကို အပြင်ပန်းနဲ့ ဆုံးဖြတ်တာ ခဏပါပဲ... စိတ်သဘောထား၊ နှလုံးသားလှရင် လူတိုင်းကို တစ်သက်လုံး အမှတ်ရနေစေမှာပါ) 'နေကောင်းလား..' အမျိုးသမီးတစ်ဦးက တစ်ချက်ပြုံးပြပြီး ပြောပြောဆိုဆိုနဲ့... ကျွန်မဘေးမှာ လာထိုင်တယ်။ ထိုင်ခုံနဲ့ဆန့်အောင် တဖြည်းဖြည်းထိုင်ချနေတယ်။ ခုံရဲ့နေရာအပြည့်ကို သူ့ခန္ဓာကိုယ်ကြီးက ယူလိုက်သလိုပါပဲ။ သက်တောင့်သက်သာဖြစ်သွားပြီဆိုတော့မှ သူ့ရဲ့ လက်မောင်းကြီးကို လက်တင်ခုံပေါ်တင်လိုက်တယ်။ သူက ဝလွန်းနေတော့ .. ကျွန်မနေရာလေးတောင် ကျဉ်းသွားသလိုပါပဲ။ ဒါနဲ့ ကျွန်မလည်း ပြတင်းပေါက်ဘက်နားကို တိုးကပ်နေလိုက်တော့တယ်။ သူက ကျွန်မဘက်ကို ကပ်လာပြီး ပျော်ပျော်ရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ အသံကြီးနဲ့ ထပ်နှုတ်ဆက်ပြန်တယ်။ သူရဲ့မျက်နှာကြီးက ကျွန်မခေါင်းအပေါ်ကို အုပ်မိုးထားသလိုပါပဲ၊ သူက ကျွန်မကို ပြန်လှည့်ကြည့်အောင် အတင်းကြိုးစားနေတယ်။ ကျွန်မကလည်း "ဟုတ်.." လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ပါတယ်။ သဘောမကျကြောင်း သိသာစေတဲ့ ပုံစံနဲ့ပေါ့။ ကျွန်မလည်း ပြတင်းပေါက်အပြင်ကိုသာ ငေးနေလိုက်တယ်၊ ကျွန်မပုံက သုန်သုန်မှုန်မှုန်ဖြစ်နေတယ်... စဉ်းစားကြည့်ကြည့်ပါ ဘေ...

"ပျော်ရွှင်မှုကို ရှာဖွေခြင်း"

Image
ဟောပြောပွဲတစ်ခုမှာ ပရိသတ် ၅၀ လောက် တက်ရောက်နားထောင်နေကြတယ်။ ဟောပြောသူက ရုတ်တရက် ရပ်လိုက်ပြီး ပရိသတ်တစ်ယောက်ချင်းစီကို ပူစီဖောင်း တစ်လုံးစီလိုက်ဝေတယ်။ အဲ့ဒီ ပူဖောင်းအပေါ်မှာ marker pen လေးနဲ့ ကိုယ့်နာမည်ကို ကိုယ်ရေးဖို့ကိုလည်း တစ်ခါတည်းပြောတယ်။ ပြီးတော့ နာမည်ရေးပြီးသား ပူဖောင်းတွေကို လိုက်သိမ်းပြီး အခြား အခန်းတစ်ခုထဲမှာ စုထားလိုက်တယ်။ ဆက်ပြီး... အဲ့ဒီအခန်းထဲ သွားခိုင်းတယ်၊ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ၅ မိနစ်အတွင်း လိုက်ရှာရမယ် လို့ ဆိုတယ်။ အားလုံးက ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ကတိုက်ကရိုက် လိုက်ရှာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းရင်း တိုက်ရင်း တကယ့်ကို ပရမ်းပတာ ဖြစ်ကုန်တယ်။ ငါးမိနစ်လည်း ပြည့်ပြီးရော... တစ်ယောက်မှ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို မရှာနိုင်ကြဘူး။ ဒါနဲ့.. တစ်ယောက်ကို ပူဖောင်းတစ်ခုစီယူ၊ ကိုယ့်လက်ထဲက ပူဖောင်းမှာ ရေးထားတဲ့ နာမည်အတိုင်း ပိုင်ရှင်ကို လိုက်ပေးခိုင်းတယ်။ မိနစ်ပိုင်းအတွင်းမှာ လူတိုင်းက ကိုယ့်ပူဖောင်းနဲ့ ကိုယ် ဖြစ်သွားတယ်။ ဟောပြောသူက ပြန်စပြောတယ်... " ဒါဟာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ တကယ့်အကြောင်းအရာပါပဲ.. လူတိုင်းက ပျော်ရွှင်မှုကို ကတိုက်ကရိုက် ...

"ခံစားချက်ကို ဖွင့်ဟခြင်း"

Image
"တစ်စုံတစ်ယောက်ကို သင်ချစ်မြတ်နိုးရင်... ဖွင့်ပြောလိုက်ပါ။ မပြောဖြစ်ခဲ့တဲ့ စကားတွေကြောင့် အသည်းကွဲတာမျိုး အဖြစ်မခံပါနဲ့။" ----------------------------- - ၉တန်းနှစ် ဘေးခုံက ကောင်မလေး...