"ခံစားချက်ကို ဖွင့်ဟခြင်း"

"တစ်စုံတစ်ယောက်ကို သင်ချစ်မြတ်နိုးရင်...
ဖွင့်ပြောလိုက်ပါ။
မပြောဖြစ်ခဲ့တဲ့ စကားတွေကြောင့် အသည်းကွဲတာမျိုး အဖြစ်မခံပါနဲ့။"
-----------------------------
- ၉တန်းနှစ်

ဘေးခုံက ကောင်မလေးကို ကျနော် ငေးကြည့်နေခဲ့တယ်။ သူက ကျနော့ရဲ့ သူငယ်ချင်းကောင်း (best friend)ပေါ့။
သူရဲ့ ဆံပင်တွေကို ငေးနေမိတယ်... ပိုးသားလေးလို ဖြောင့်စင်းပြီး နက်မှောင်နေတယ်။ ကျနော် သူ့ကို ပိုင်ဆိုင်ချင်လိုက်တာ။
သူကတော့ သတိထားမိပုံ မပေါ်ရှာပါဘူး၊ ကျနော် နားလည်ပါတယ်။
အတန်းဆင်းတော့ ကျနော်ဆီကို သူရောက်လာတယ်။
သူအတန်းပျက်ထားတုန်းက မကူးရသေးတဲ့ မှတ်စုတွေ ငှားပေးဖို့။
ကျနော် ပေးလိုက်ပါတယ်။

သူက "ကျေးဇူးပဲနော်" လို့ပြောပြီး ကျနော့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
ကျနော် သိပ်ပြောပြချင်မိတယ်။
ကျနော်သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျနော် သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ဘာကြောင့်ဝန်လေးနေမိတာလဲ???

- ၁၀တန်းနှစ်

ဖုန်းမြည်လာတယ်၊
သြော်... သူ့ဆီကကိုး။
ကျနော် ဖုန်းထဲကနေ သူ့ငိုသံကို ကြားလိုက်တယ်။
သူ့ရည်းစားက သူကို အသည်းခွဲသွားကြောင်း အားမရှိတော့တဲ့ လေသံလေးနဲ့ပြောရှာတယ်။
ကျနော် သူ့ဆီလာပေးလို့ရမလား၊ အထီးကျန်နေလို့တဲ့။

ကျနော် သွားပေးခဲ့တယ်။
ဆိုဖာကြီးအပေါ်မှာ ဘေးချင်းကပ်ထိုင်ရင်း သူ့ရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေကို သေချာကြည့်မိတယ်။ ကျနော် သူ့ကို ပိုင်ဆိုင်ချင်မိတယ်။
Drew Barrymore ရဲ့ ဇာတ်ကား တစ်ကားရယ်၊ အာလူးကြော် ၃ထုပ် ကုန်သွားတော့ သူအိမ်ပြန်သွားတယ်။

သူက "ကျေးဇူးပဲနော်" လို့ပြောပြီး ကျနော့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
ကျနော် သိပ်ပြောပြချင်မိတယ်။
ကျနော်သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျနော် သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ဝန်လေးနေမိတာ ဘာကြောင့်လဲ??

- တက္ကသိုလ်

ကျနော့ဆီကို သူရောက်လာတယ်။
သူ့ အိမ်ထောင်ဖက်နဲ့ စတွေ့ကြည့်နေပြီဖြစ်ကြောင်း၊ သိပ်ပြီး အဆင်မပြေကြောင်းပြောတယ်။

ကျနော်ကတော့ ဘယ်ကြင်ယာဖက်နဲ့ မှ တွေ့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့...
ခုနှစ်တန်းနှစ်က သူနဲ့ကျနော် ကတိပြုထားတယ်လေ၊ ကြင်ယာဖက်မရှာဘဲ သူငယ်ချင်းကောင်းတွေအဖြစ်သာ နေသွားကြဖို့။

သူ့အိမ်ကို လိုက်ပို့ပြီး အိမ်အပေါက်ဝမှာ..
ကျနော် သူ့အပြုံးလေးကို ငေးကြည့်နေမိတယ်။
သူကလည်း ရွှန်းစိုနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။

သူက "အချိန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" တဲ့။
ကျနော့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
ကျနော် သိပ်ပြောပြချင်မိတယ်။
ကျနော်သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျနော် သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ဝန်လေးနေမိတာ ဘာကြောင့်လဲ???

-ဘွဲ့ယူပြီး

ဒီလိုနဲ့ပဲ... တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့တယ်။
ဘွဲ့ယူရမယ့်ရက်တောင် ရောက်လာပြီကိုး။
ဘွဲ့တက်ယူနေတဲ့ သူ့ကို ကျနော် ကြည့်နေမိတယ်၊ ပြီးပြည်စုံလှတဲ့ ခန္ဓာကိုယ်အချိုးအဆလေးနဲ့ ဘွဲ့လက်မှတ်တက်ယူနေတယ်၊ နတ်သမီးလေးတစ်ပါး လေထဲ ဝဲပျံနေသလိုပါပဲ။
ကျနော် သူ့ကို ပိုင်ဆိုင်ချင်လိုက်တာ။
သူကတော့ သတိထားမိပုံ မပေါ်ရှာပါဘူး၊ ကျနော် နားလည်ပါတယ်။

အခမ်းအနားပြီးသွားတော့ ကျနော့ဆီသူရောက်လာတယ်၊ ဘွဲ့ဝတ်စုံလေးနဲ့။
ကျနော် သူ့ကို လှမ်းဖက်လိုက်တော့ အားပါးတရ ငိုရှာတယ်။

သူက "နင်က ငါ့ရဲ့ တကယ်သူငယ်ချင်းကောင်းပါပဲ၊ ကျေးဇူးတင်ပါတယ်" တဲ့။
ကျနော့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
ကျနော် သိပ်ပြောပြချင်မိတယ်။
ကျနော်သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျနော် သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ဝန်လေးနေမိတာ ဘာကြောင့်လဲ???

- လက်ထပ်ပြီး

ကျနော် အခု ဘုရားကျောင်းထဲက ခုံတန်းရှည်ပေါ်မှာ ထိုင်နေတယ်။
သူလက်ထပ်သွားပြီလေ၊ ဘဝအသစ်ကို စတင်တော့မှာပေါ့။
ကျနော် သူ့ကို ပိုင်ဆိုင်ချင်လိုက်တာ။
သူကတော့ သတိထားမိပုံ မပေါ်ရှာပါဘူး၊
သိအောင်လည်း ကြိုးစားမှာ မဟုတ်လောက်ဘူး။ ကျနော် နားလည်ပါတယ်။

သူက မပြန်ခင် လာနှုတ်ဆက်တယ်..

သူက "ကျေးဇူးပဲနော်" လို့ပြောပြီး ကျနော့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
ကျနော် သိပ်ပြောပြချင်မိတယ်။
ကျနော်သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျနော် သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ဝန်လေးနေမိတာ ဘာကြောင့်လဲ???

- သေဆုံးပြီး

ကျနော် အခေါင်းတစ်ခုကို ငေးနေမိတယ်။
သူ့ရဲ့အခေါင်း၊ တစ်ချိန်က ကျနော့ရဲ့ "သူငယ်ချင်းကောင်း" လို့ခေါ်ခဲ့တဲ့ သူ့ရဲ့အခေါင်း။ ကျောင်းတုန်းက သူရေးခဲ့တဲ့ diary  ထဲက စာသားတချို့ကို သူ့အမျိုးသားက လာပြတယ်။

ရေးထားတာကဒီလိုပါ...
"ကျမ သူ့ကို ငေးကြည့်နေမိတယ်၊
သူ့ကို ပိုင်ဆိုင်ချင်လိုက်တာ။
သူကတော့ သတိထားမိပုံ မပေါ်ရှာပါဘူး၊ ကျမ နားလည်ပါတယ်။
သိပ်ပြောပြချင်မိတယ်။
ကျမ သူ့ကို သူငယ်ချင်းအဆင့်ထက်ပိုပြီး ချစ်နေမိတယ်ဆိုတာ၊
ကျမ သူ့ကို သိပ်ချစ်တာပဲ။
ဖွင့်ပြောဖို့ ရှက်နေမိတာ ဘကြောင့်လဲ??
သူဖွင့်ပြောလာရင် သိပ်ကောင်းမှာပဲ။.."

ကျနော် အားပါးတရ ငိုချမိလိုက်ပါတော့တယ်....
-------------------

👉သင်မှာရော...?
နှစ်နှစ်ကာကာ ချစ်ရမယ့်သူရှိနေပြီလား..?

သတ္တိရှိရှိဖွင့်ပြောလိုက်ပါ။

ပြန်ကြိုက်ဖို့ မကြိုက်ဖို့အတွက် သိပ်မမျှော်လင့်နေပါနဲ့။
ကိုယ်ချစ်တဲ့သူကို ကိုယ့်ခံစားချက်တွေ ဖွင့်ပြောလိုက်ရတာပဲလေ...
သင်တာဝန်ကျေပါတယ်။

Ref : “A touching love story that'll make u cry”

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်