"ပျော်ရွှင်မှုကို ရှာဖွေခြင်း"

ဟောပြောပွဲတစ်ခုမှာ ပရိသတ် ၅၀ လောက် တက်ရောက်နားထောင်နေကြတယ်။

ဟောပြောသူက ရုတ်တရက် ရပ်လိုက်ပြီး ပရိသတ်တစ်ယောက်ချင်းစီကို ပူစီဖောင်း တစ်လုံးစီလိုက်ဝေတယ်။ အဲ့ဒီ ပူဖောင်းအပေါ်မှာ marker pen လေးနဲ့ ကိုယ့်နာမည်ကို ကိုယ်ရေးဖို့ကိုလည်း တစ်ခါတည်းပြောတယ်။ ပြီးတော့ နာမည်ရေးပြီးသား ပူဖောင်းတွေကို လိုက်သိမ်းပြီး အခြား အခန်းတစ်ခုထဲမှာ စုထားလိုက်တယ်။

ဆက်ပြီး... အဲ့ဒီအခန်းထဲ သွားခိုင်းတယ်၊ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ၅ မိနစ်အတွင်း လိုက်ရှာရမယ် လို့ ဆိုတယ်။

အားလုံးက ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို ကတိုက်ကရိုက် လိုက်ရှာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းရင်း တိုက်ရင်း တကယ့်ကို ပရမ်းပတာ ဖြစ်ကုန်တယ်။

ငါးမိနစ်လည်း ပြည့်ပြီးရော... တစ်ယောက်မှ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို မရှာနိုင်ကြဘူး။

ဒါနဲ့.. တစ်ယောက်ကို ပူဖောင်းတစ်ခုစီယူ၊ ကိုယ့်လက်ထဲက ပူဖောင်းမှာ ရေးထားတဲ့ နာမည်အတိုင်း ပိုင်ရှင်ကို လိုက်ပေးခိုင်းတယ်။ မိနစ်ပိုင်းအတွင်းမှာ လူတိုင်းက ကိုယ့်ပူဖောင်းနဲ့ ကိုယ် ဖြစ်သွားတယ်။

ဟောပြောသူက ပြန်စပြောတယ်...
" ဒါဟာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ တကယ့်အကြောင်းအရာပါပဲ..
လူတိုင်းက ပျော်ရွှင်မှုကို ကတိုက်ကရိုက် လိုက်ရှာကြတယ်၊ သို့ပေမဲ့ ပျော်ရွှင်မှုက ဘယ်မှာဆိုတာကို မသိနေကြဘူး။

ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ တစ်ပါးသူရဲ့ ပျော်ရွှင်မှုထဲမှာ ရှိနေတယ်။
တစ်ယောက်ယောက်ကို ပျော်ရွှင်စေလိုက်ပါ...

ကိုယ့်ရဲ့ပျော်ရွှင်မှုကို ရပါလိမ့်မယ်။ ပြီးတော့ ဒါဟာလူ့ဘဝရဲ့ ရည်ရွယ်ချက် အစစ်ပါပဲ။ "


- အောင်ကျော်ဇေယျ 

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်