အာလူး၊ ကြက်ဥ နဲ့ ကော်ဖီမှုန့်

တစ်နေ့မှာ သမီးဖြစ်သူက သူ့ဘဝဟာ စိတ်ချမ်းမြေ့စရာမကောင်းကြောင်း၊ ဘာဆက်လုပ်လို့ လုပ်ရမလဲမသိကြောင်း ဖခင်ဖြစ်သူကို မကျေမနပ်ပြောပြနေတယ်။
ဒီလိုဒုက္ခတွေ၊ စိတ်ညစ်စရာတွေကို အမြဲတမ်း ရင်ဆိုင်ဖြေရှင်းနေရတာ ပင်ပန်းနေပြီဖြစ်ကြောင်း ပြောပြတယ်။
ပြဿနာတစ်ခုကို ရှင်းပြီးတာနဲ့ နောက်တစ်ခုက ထပ်ရောက်လာသတဲ့။

သူ့အဖေဟာ စာဖိုမှူးတစ်ယောက်ဖြစ်တယ်။
သူ့သမီးကို မီးဖိုချောင်ထဲ ခေါ်သွားပြီး ရေနွေး (၃) အိုးကို မီးရှိန်ပြင်းပြင်းနဲ့ တည်လိုက်တယ်။
၃ အိုးစလုံးက ရေနွေးတွေပွက်ပွက်ဆူလာတော့
ပထမတစ်အိုးထဲကို အာလူး၊
ဒုတိယအိုးထဲကို ကြက်ဥ၊
တတိယအိုးထဲကို ကော်ဖီမှုန့်.. အသီးသီးထည့်လိုက်တယ်။

ပြီးတော့ ရေနွေးတွေကို ဆက်ပြီး ပွက်ပွက်ဆူစေလိုက်တယ်။
သူ့သမီးကိုတော့ စကားတစ်ခွန်းမှ မပြောသေးပါဘူး။
သမီးဖြစ်သူကတော့ စိတ်မရှည်စွာစောင့်ရင်း သူ့အဖေ ဘာလုပ်နေသလဲဆိုတာကို ခန့်မှန်းကြည့်နေတယ်။

မိနစ် ၂၀လောက်ကြာတော့ မီးအရှိန်ကို ရပ်လိုက်ပါတယ်။
ပထမအိုးထဲက အာလူးကို ဆယ်ပြီး ပန်းကန်လုံးထဲထည့်လိုက်တယ်။
ပြီးတော့ ကြက်ဥကိုလည်း ဆယ်တယ်၊ ပန်းကန်လုံးထဲထည့်တယ်။

ပြီးတော့ ကော်ဖီကိုတော့ ယောက်ချိုနဲ့ခပ်ပြီး ကော်ဖီပန်းကန်ထဲထည့်လိုက်တယ်။
သမီးဘက်ကိုလှည့်ပြီး...
"ငါ့သမီး... ဘာကိုမြင်လဲ.." လိုမေးလိုက်တယ်။

"အာလူးရယ်.. ကြက်ဥရယ်.. ကော်ဖီရယ်.." ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်။

"သေချာကြည့်ပါ..." သူ့အဖေကပြောတယ်၊ ဆက်ပြီး...
"အာလူးတွေကို ကိုင်ကြည့်လိုက်.."
သူ့အဖေပြောတဲ့တိုင်း ကိုင်ကြည့်လိုက်တယ်။၊ ပျော့နေတာကို သတိထားမိလိုက်တယ်။

သူ့အဖေကဆက်ပြီး ကြက်ဥကို ခွဲကြည့်ခိုင်းလိုက်တယ်။
အပေါ်ယံကို ခွာလိုက်တော့ အတွင်းက ကျက်ပြီးမာနေတဲ့ ကြက်ဥပြုတ်ကို တွေ့လိုက်တယ်။

နောက်ဆုံး... ကော်ဖီကို တစ်ငုံလောက် စမ်းသောက်ခိုင်းတယ်။
သောင်လိုက်တော့ ပြည့်ဝတဲ့ ကော်ဖီရဲ့အနံ့အရသာကြောင့် ပြုံးသွားစေတယ်။

"အဖေ... ဘာကို ဆိုလိုချင်တာလဲ.." သူ(မ)မေးလိုက်တယ်။

သူ့ဖေက ရှင်းပြတယ်။
အာလူး၊ ကြက်ဥ နဲ့ ကော်ဖီတို့ဟာ တူညီတဲ့ ဒုက္ခ - ပွက်ပွက်ဆူနေတဲ့ ရေနွေး ကို တွေ့ကြုံကြရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ တုံ့ပြန်ပုံက မတူညီကြဘူး။

အာလူးက စစချင်းမှာ မာတယ်၊ ဒါပေမဲ့ ရေနွေးထဲဖြတ်ပြီးတော့ ပျော့သွားတယ်။
ကြက်ဥကတော့ အစမှာ ကျိုးပဲ့လွယ်တယ်၊ အပေါ်ယံအကာလေးက အတွင်းက အနှစ်တွေကို ကာပေးထားတယ်။
ရေနွေးထဲဖြတ်ပြီးတော့ အတွင်းပိုင်းက မာသွားတယ်။

ကော်ဖီမှုန့်တွေကတော့ ထူးခြားတယ်၊ ရေနွေးနဲ့ ထိပြီးတော့... ရေကိုတောင် အသစ်တစ်မျိုးဖြစ်သွားအောင် ပြောင်းလဲစေနိုင်တယ်။

"သမီးက ဘယ်တစ်ခုလဲ..." အဖေဖြစ်သူက မေးလိုက်တယ်။
"အခက်အခဲ ဒုက္ခတွေ တံခါးလာခေါက်ရင် ဘယ်လိုတုံ့ပြန်မလဲ၊ အာလူးလား၊ ကြက်ဥလား၊ ကော်ဖီမှုန့်လား..."

*****************

သင်ခန်းစာ။
ဘဝမှာ အခက်အခဲ ဒုက္ခတွေ ဖြစ်ပျက်နေတယ်၊ လူတိုင်းကြုံနေရတယ်၊ အရေးအကြီးဆုံးကတော့ ကိုယ်က ဘယ်လိုလဲ၊ ဘယ်လိုတုန့်ပြန်မလဲ ဆိုတာပါ။

အာလူး၊ ကြက်ဥ၊ ကော်ဖီမှုန့်
သင်ရော ဘယ်တစ်ခုလဲ...?

.
-အောင်ကျော်ဇေယျ

Comments

Popular posts from this blog

မာလာကြက်ကြော်

နာက်င္မႈ

လိုအပ်ချက်