Posts

ဖက်တီးမကြီး

(လူတစ်ယောက် လှတယ် မလှဘူးဆိုတာကို အပြင်ပန်းနဲ့ ဆုံးဖြတ်တာ ခဏပါပဲ... စိတ်သဘောထား၊ နှလုံးသားလှရင် လူတိုင်းကို တစ်သက်လုံး အမှတ်ရနေစေမှာပါ) 'နေကောင်းလား..' အမျိုးသမီးတစ်ဦးက တစ်ချက်ပြုံးပြပြီး ပြောပြောဆိုဆိုနဲ့... ကျွန်မဘေးမှာ လာထိုင်တယ်။ ထိုင်ခုံနဲ့ဆန့်အောင် တဖြည်းဖြည်းထိုင်ချနေတယ်။ ခုံရဲ့နေရာအပြည့်ကို သူ့ခန္ဓာကိုယ်ကြီးက ယူလိုက်သလိုပါပဲ။ သက်တောင့်သက်သာဖြစ်သွားပြီဆိုတော့မှ သူ့ရဲ့ လက်မောင်းကြီးကို လက်တင်ခုံပေါ်တင်လိုက်တယ်။ သူက ဝလွန်းနေတော့ .. ကျွန်မနေရာလေးတောင် ကျဉ်းသွားသလိုပါပဲ။ ဒါနဲ့ ကျွန်မလည်း ပြတင်းပေါက်ဘက်နားကို တိုးကပ်နေလိုက်တော့တယ်။ သူက ကျွန်မဘက်ကို ကပ်လာပြီး ပျော်ပျော်ရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ အသံကြီးနဲ့ ထပ်နှုတ်ဆက်ပြန်တယ်။ သူရဲ့မျက်နှာကြီးက ကျွန်မခေါင်းအပေါ်ကို အုပ်မိုးထားသလိုပါပဲ၊ သူက ကျွန်မကို ပြန်လှည့်ကြည့်အောင် အတင်းကြိုးစားနေတယ်။ ကျွန်မကလည်း "ဟုတ်.." လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ပါတယ်။ သဘောမကျကြောင်း သိသာစေတဲ့ ပုံစံနဲ့ပေါ့။ ကျွန်မလည်း ပြတင်းပေါက်အပြင်ကိုသာ ငေးနေလိုက်တယ်၊ ကျွန်မပုံက သုန်သုန်မှုန်မှုန်ဖြစ်နေတယ်... စဉ်းစားကြည့်ကြည့်ပါ ဘေ

Honey Garlic Chicken

Image
Honey Garlic Chicken (ပျားရည် ကြက်သွန်ဖြူဆော့စ် ကြက်ကြော်) (9th August, 2020) မထင်မှတ်ဘဲ တော်တော် စားကောင်းသွားတဲ့ ကြက်ကြော်လေးပါ။ တော်တော်လည်း ရိုးစင်းတယ်။ ကိုယ်တိုင်လုပ် ကြက်သွန်ဖြူဆော့စ်ကို အခြေခံပြီး ပျားရည်နံ့မွှေးမွှေး၊ ကြက်ကြော်ကြွပ်ကြွပ်တို့ရဲ့ ပေါင်းစပ်မှု။  ဒီနေ့ အမေက ကြက်သားဝယ်ထားတယ်၊ ဘယ်လိုချက်မလဲပေါ့။ ကိုယ်လည်း စဉ်စားနေမိတာ။ ခါတိုင်းလိုပဲ ကြော်ရမလား၊ ကင်ရမလား။  Inspiration ဘယ်လိုရသလဲဆိုတာလေး ရေးဦးမယ်။ 😁 လွန်ခဲ့တဲ့ ၄ - ၅ နှစ်လောက်က လူတစ်ယောက်ကို ရူးရူးမူးမူး သဘောကျနေမိတဲ့ အချိန်တုန်းကပေါ့။ အဲ့တုန်းက ကိုယ်လည်း ဟင်းဘာမှ မချက်တတ်ခဲ့ဘူး။ သိပ်လည်း နားမလည်ခဲ့ဘူး။  သူက တစ်နေ့ကျတော့ ပျားရည် ကြက်ကြော်လေး တင်ထားတယ်။ သူကိုယ်တိုင် ကြော်တယ်ပေါ့လေ။ ကိုယ့်မှာ အဲ့တုန်းက တအံ့တဩ။ ပျားရည်နဲ့ ကြက်ဆို ကောင်းပါ့မလားပေါ့။ တော်လိုက်တာပေါ့။ စသဖြင့် အတွေးထဲ မှတ်မှတ်ထင်ထင် ရှိနေခဲ့တယ်။  အခု နည်းနည်းပါးပါး ချက်တတ်လာတော့ ပျားရည်ကြက်ကြော်လေး ကြော်မယ်ဆိုတဲ့အတွေး အမြဲရှိခဲ့တယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။  အဲ့တုန်းက သူကြော်တာ သိပ်တော့ စားချင်စဖွယ် မဟုတ်ပါဘူး။ ကြက်ကို ပျားရည်နဲ့ နယ်ပြီး ကြော်ထားသလိုပါ။ အရောင်

ကြက်သားဆီပြန်

Image
 ကြက်ဆီပြန်  (13th December, 2020) ဒီနေ့က ရိုးရိုးရှင်းရှင်း ကြက်ဆီပြန်လေး။  အိမ်က အနှစ်များများ ကြိုက်ကြလို့ ကြက်သွန်နီ များများလေးနဲ့ ချက်ထားတယ်။  အိမ်မှာ စားနေကျပုံစံက  - အနံ့မကျန် (အဓိကက အသားနံ့ပေါ့လေ၊ ကြက်သွန်နံ့တွေ၊ ဆနွင်းနံ့တွေ ဘာတွေ ကျန်ရင် မကြိုက်ကြ)  - အသားနူး (အသားကို တော်တော်နူးတဲ့အထိ ချက်မှ ကြိုက်တယ်၊ အရမ်းကြီး ကိုက်ရ ဖဲ့ရတာ မကြိုက်) - အနှစ်များ (အနှစ်များများလေးဆို နယ်စားလို့ ကောင်းမှကောင်း)  အခု ဒီဟင်းမှာက ခရမ်းချဉ်သီး မသုံးထားဘူး။ ခပ်ရိုးရိုးပဲ။ ဒါပေမဲ့ သိပ်တော့ မရိုးရှင်းဘူး။ အသားနှပ်တဲ့အချိန် ထည့်တာတွေ များတယ်။  ကြက်က ရှမ်းကြက်ကို သုံးထားတယ်။ အရောင်လေးလည်း လှအောင် နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်ကို အကောင်းထဲက သုံးထားတယ်။  ခါတိုင်း ချက်ရင် မဆလာလေးနဲ့ ချက်တယ်။ ဒီအခုကျ မဆလာ မသုံးထားဘဲ မွှေးနေအောင် ချက်တယ်။ ပြီးမှ ကိုယ့်ခြံထဲက နံနံပင်လေး ခူးပြီး အုပ်လိုက်တာ။ ဒါပဲ။  တချို့က ကိုယ့်ကို ဗမာဟင်း မချက်ဘူးလို့ ထင်ကြတယ်။ ပုံမတင်ဖြစ်လို့သာ။  တကယ်ပါ၊ ဗမာထမင်းဟင်းချက်ရင် ထမင်းမြိန်တယ်။ ဘာမှမဟုတ်ဘဲ ဆီပြန်ဟင်းတခွက်၊ ချဉ်ရည်ဟင်း၊ ငရုတ်သီးထောင်းလေးနဲ့ဆို မြိန်မှမြိန်ပဲ။  ဆီပြန်ဟင်းကတော့

မာလာကြက်ကြော်

Image
 မာလာကြက်ကြော် (31st December, 2020)  ကြက်ကြော်တွေကို အမျိုးစုံ ကြိုးခုန်ပြီး ကြော်နေတာ ဒီတစ်ခေါက် အလှည့်ကျတာက မာလာကြက်ကြော်ပါ။  သာမန် ကြက်ကြော်ကြွပ်ကြွပ်လေးကိုမှ မာလာအနံ့ မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ကြော်ထားတယ်ပေါ့။  အိမ်ကလူတွေက အစပ်နဲ့ အထုံ ပြင်းတာကို မကြိုက်ကြဘူး။ အရင်ကြော်တုန်းက အစပ်ကဲသွားဖူးတယ်။ ဒီတစ်ခါကျ ကွက်တိဖြစ်သွားပြီ။  ပိုလည်း ကြွပ်တယ်။  မာလာအနံ့ကလေ ပြောလို့ပြောတာမဟုတ်ဘူး၊ အနံ့ရလိုက်တာနဲ့ စားချင်သွားစေတယ်။ အရသာကျ ထုံစပ်မွှေး။ ဒါကိုမှ ကြက်ကြော်နဲ့ ပေါင်းစပ်ထားတာ။ လူတိုင်း ကြက်ကြော်ကြိုက်ကြတယ် ထင်တာပဲ။  ဒါပေမဲ့ လျှို့ဝှက်ချက်က မာလာဆော့စ်လုပ်တဲ့အချိန်ပါ။ မာလာအနှစ်ကို ရော့အင့်ဆိုပြီး ထည့်နယ်ထားတာ မဟုတ်ဘူးရယ်။ ဖြတ်ပြေးအရသာလေးလောက်ပဲ လိုချင်တာကိုး။ မဟုတ်ရင် ခပ်ပြင်းပြင်း ဖြစ်သွားရော။  သူ့အရသာက တော်တော် အဆင်ပြေတယ်။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲ စားစား အဆင်ပြေတယ်။ ကြက်ကြော် ကြွပ်ကြွပ်လေးကြောင့် ထပ်ခါထပ်ခါ စားချင်မိတယ်။  အခုဆို ၂၀၂၀ လည်း ကုန်ပြီ။ ဒီနှစ်ထဲ အိမ်မှာ အနေများတော့ တစ်မျိုးပြီးတစ်မျိုး ချက်ပြုတ်ကြော်လှော်ဖြစ်တယ်။ အဆိုးထဲက အကောင်းပေါ့လေ။  နောက်နှစ်ထဲမှာ ကိုယ်ချစ်ရ ခင်ရတဲ့ သ

ဝက်နံရိုးစွပ်ပြုတ်

Image
 နံရိုးစွပ်ပြုတ် (22nd January, 2021) မီးမတောက်တဲ့ နံရိုးပါ 🤷🏼 နံရိုးမီးတောက်ကို ခဏခဏလုပ်ဖြစ်တယ်။ လုပ်တိုင်းလည်း စိတ်တိုင်းမကျဘူး။  ဆိုင်တွေက ဝယ်စားရင် သူတို့က ရိုးရိုးရှင်းရှင်းလေး လုပ်ထားပြီး အရသာက ကောင်းနေတာ။ ကိုယ်လည်း သူများချက်နည်းတွေ တွေ့သလောက် လိုက်လုပ်ကြည့်တာပဲ။ စိတ်ကြိုက်မဖြစ်တာ ခက်တယ်။  အဲ့လိုနဲ့ မီးတောက်ဖို့ စိတ်မကူးတော့ဘူး။  - အသားမှာ အနံ့ကျန်လို့ မဖြစ်ဘူး - ချဉ်ရမယ် - စပ်ရမယ် - မွှေးရမယ် - အရသာရှိရမယ် - အသားနူးရမယ် ဒါကိုပဲ တွေးပြီး ချက်လိုက်တယ်။ အရိုးရှင်းဆုံးပေါ့လေ။  အရင်တစ်ခေါက်လုပ်တော့ အသားထဲ အရသာမဝင်ဘူးဖြစ်နေတာ။ ဒီတခေါက် အဲ့ဒါကို ဂရုစိုက်တော့ အသားထဲထိ အရသာရှိတယ်။ တိုးတက်လာတယ်ပေါ့လေ။  အရင်ကတော့ အရွက်တွေ ထည့်တယ်။ ချက်နည်းတစ်မျိုးမှာ အရွက်တစ်မျိုးပါတော့ ကိုယ်လည်း လိုက်ချက်ရတာ မလွယ်ဘူး။  ခုတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်မြိတ်ရယ်ပဲ .. ဒီလောက်ပဲ အပေါ်ကနေ အုပ်လိုက်တယ်။  ချဉ်ချဉ်စပ်စပ်လေးဆိုတော့ အအီပြေပြီး ထပ်ခါထပ်ခါ စားချင်စေတယ်။ အရည်ကလည်း အရသာရှိတာကိုး။ ထမင်းနဲ့ စားစား၊ ဒီတိုင်း အားတိုင်းပဲစားစား။  ခုထိ မီးမတောက်နိုင်နေသေးတာ မကျေနပ်ဘူး။ သူများတွေကတော့ ကျောရိုးသု

ဘီယာဝက်သားကင်

Image
 ဘီယာဝက်သားကင်  (31st January, 2021) အသားကို ဘီယာနဲ့ နှပ်ဖို့ စိတ်ကူးခဲ့တာကြာပြီ။ ဟိုနေ့က ကြုံတုန်း ဘီယာလေးတစ်ဘူး ဝယ်ခဲ့တာ။ မနေ့က နှပ်ဖြစ်သွားတယ်ပေါ့လေ။  ဘီယာနဲ့ နှပ်ဖူးတာ ဒါဒုတိယအကြိမ်။ ပထမက ကြက်သားကင်တာ။  သိပ်ပြီး ထူးထူးထွေထွေ နှပ်တာတော့ မဟုတ်ပါဘူး။ အသားကို ကင်မှာဆိုတော့ အကင်တွေ နှပ်သလိုပဲ နှပ်တယ်။ အရသာစုံအောင်၊ မွှေးအောင်ပေါ့။ ပြီးတော့ ဘီယာကို ပိုပိုသာသာလေး ထည့်နှပ်တယ်။ တစ်ညလောက်။  ဒီနေ့ညနေကျ ကင်တယ်။ မီးသွေးနဲ့ ကင်တာက အကောင်းဆုံးပဲ။  ဘီယာနဲ့ နှပ်တဲ့အသားရဲ့ ထူးခြားချက်က အရမ်းကို နူးညံ့တာပဲ။ ပါးစပ်ထဲ ဝါးကြည့်လိုက်တာနဲ့ တော်တော်သိသာတယ်။  ဘီယာကို နည်းနည်းများများလေး ထည့်ထားတော့ သူ့အနံ့ ခပ်ဖျော့ဖျော့လေး ကျန်တယ်။  ဆိုင်တွေမှာ သူများ အရက်နဲ့ နှပ်တဲ့ အသားကင်တွေ အရသာအတိုင်းပဲ။ ဆိုင်အရသာလို ဖြစ်သွားတာ။ အသားလည်း တော်တော်လေး နူးလွယ်၊ ကျက်လွယ်တယ်။  ကိုယ်က အဲလို သိသာတာမျိုးကို ကြိုက်တာ။ ဘီယာအကောင်းနဲ့ နှပ်လို့ အရသာက ထူးထူးခြားခြား ပိုကောင်းလာတာမျိုးပေါ့။  ထမင်းပူပူလေးနဲ့ တွဲစားတာ၊ အချဉ်ရည်လေးနဲ့ တို့စားတာ၊ ခေါက်ဆွဲပြုတ်လေးနဲ့စားတာ စသဖြင့် အကုန်လိုက်ဖက်တယ်။ ကင်ပြီဆို အဓိကက မီးခိုးနံ့လေး ပါဖို့ပဲ။

ကြာစွယ်အကြွပ်ကြော်

Image
 ကြာစွယ်အကြွပ်ကြော် (10th January, 2020) တနေ့က ပိုတဲ့ ကြာစွယ်တွေကို ဘယ်လိုလုပ်စားရမလဲ စဉ်းစားရင်းနဲ့ ကြော်စားကြည့်မိတယ်။ အာလူးကြော်လိုမျိုးလေး လုပ်ချင်တာ။  ပါးပါးလေး လှီးပြီး ကြွပ်နေအောင် ကြော်တယ်။ တစ်ဝက်ကို ဒီတိုင်းကြော်တယ်၊ တစ်ဝက်ကို အကြော်မှုန့်နဲ့ ကြော်တယ်။ ခုမှ စမ်းကြော်တာဆိုတော့လေ။  အဆင်အရမ်းပြေတယ်။  ကြွပ်ရွနေတော့ စားလို့ အရမ်းကိုကောင်းတယ်။ အာလူးကြော်လိုပဲ၊ ဒါပေမဲ့ ကြာစွယ်မှာက သူ့သဘာဝအချိုဓာတ်ရှိတယ်။  ကြော်ပြီး ကြက်သားမှုန့်နဲ့နယ်တယ်။ တရုတ်အစပ်မှုန့်မွှေးမွှေးလေးဖြူးတယ်။ ဘယ်လိုစားကောင်းမှန်းကို မသိတာ။ မာလာအမှုန့်တွေ ဘာတွေ မဝယ်ထားမိရင် ကြက်သားမှုန့်နဲ့ ငရုတ်မှုန့်လေးနဲ့ဆိုရင်ကို အဆင်ပြေပြီ။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲစားစား စားပြီးရင်း စားချင်နေတော့တာပဲ 😅 - အောင်ကျော်ဇေယျ

Welcome to my blog!

Image

မမျှော်လင့်နဲ့ .. ဆုံးဖြတ်

Image
အဲ့ဒီနေ့က ကျနော့ သူငယ်ချင်းကို လေယာဉ်ကွင်းမှာ လာကြိုနေတာပါ။  ကျနော့အတွက်ကတော့ ဘဝနဲ့ ဆိုင်တဲ့ အတွေ့အကြုံတစ်ခု ရလိုက်တဲ့နေ့လို့ ဆိုရမှာပဲ။  ကျနော်နဲ့ ၂ ပေလောက်ပဲ ကွာတဲ့နေရာက မြင်ကွင်းလေးကို မြင်ပြီးတော့ပေါ့ဗျာ။  လေယာဉ်ပေါ်က ဆင်းလာတဲ့ ခရီးသည်တွေထဲကနေ ကျနော့ သူငယ်ချင်းကို လိုက်ရှာနေတယ်၊ ကျနော်ရှိတဲ့ နေရာဘက်ကို ဦးတည်လာတဲ့ လူတစ်ယောက်ကို ကျနော် သတိထားမိတယ်။ သူက အိတ်အသေးနှစ်အိတ်ကို လက်ထဲဆွဲထားတယ်။  ကျနော့ဘေးမှာ လာကြိုတဲ့ သူ့မိသားစုကို နှုတ်ဆက်နေတယ်။  ပထမဆုံး သူ့သားအငယ်လေးကို နှုတ်ဆက်နေတယ် (သူ့သားငယ်လေးက ၆ နှစ်လောက်တော့ ရှိမယ်) သူ့လက်ထဲက အိတ်တွေကို ဘေးချရင်းပေါ့။ သူ့သားကို ပွေ့ဖက်လိုက်ပြီး  ...  "ဝမ်းသာလိုက်တာ .. သားကို ဖေကြီးက သိပ်လွမ်းနေတာ .. သားရဲ့.."  သူ့သားငယ်လေးက ရှက်ပြုံးလေး ပြုံးလိုက်တယ်၊ ပြီးမှ မျက်နှာလွှဲလိုက်ရင်း ..  "သားရော လွမ်းနေတာ .." တဲ့။  အဲ့ဒီလူက မတ်တပ်ထပြီး သူ့သားကြီးကို ငေးကြည့်နေတယ်၊ (သူ့သားကြီးက ၉ နှစ် ၁၀ နှစ် အရွယ်ပါ)  သူ့သားမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး..  "ငါ့သားတောင် အရွယ်ရောက်တော့မယ် .. ချစ်လိုက်တာ .. င

လိုအပ်ချက်

Image
သူ့အနေနဲ့ ... တန်ဖိုးကြီး လက်ဆောင်တွေမလိုပါဘူး၊ ဈေးကြီးတဲ့ ညစာတွေလည်း မလိုပါဘူး၊ အဲ့ဒါတွေက ကောင်းတာမှန်ပေမဲ့ သူလိုအပ်တာက သင့်ကိုပါ။ သူရင်ဖွင့်ချင်တဲ့အချိန်ကျရင် နားထောင်ပေးတတ်ရမယ် .. သူအခက်အခဲတွေ ကြုံတဲ့အခါ မှီပြီး အနားယူဖို့ ပုခုံးတစ်စုံ အသင့်ရှိနေရမယ် .. သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ စိတ်ဓာတ်ကျနေရင် အားပေးစကားဆိုတတ်ရမယ်.. သူက သင့်အနားမှာရှိနေရင် လုံခြုံနေစေရမယ် .. တန်ဖိုးထားပြီး ချစ်ပါ .. စိတ်ရှည်သည်းခံပြီး ချစ်ပါ .. စိတ်အားထက်သန်စွာ ချစ်ပါ .. အနည်းဆုံးမဟုတ်ဘဲ နောက်ဆုံး အချစ်နဲ့ ချစ်ပါ .. မပြောင်းလဲဘဲ ချစ်ပါ ... သင့်အနေနဲ့ ဘယ်တုန်းကမှ အချစ်မခံရဖူးသူလို .. ပြန်ပြီး အချစ်ခံရမှာပေါ့ ... ©aungkyawzeya

စိတ်ဓာတ်ကျနေပြီဆိုရင် ...

Image
၁။ ပြုံးပါ ၂။ ခပ်မတ်မတ် မတ်တပ်ထရပ်ပါ၊ ပုခုံးနောက်ပစ်ပါ ၃။ တစ်ယောက်ယောက်ကို ချီးကျူးပါ ၄။ တစ်စုံတစ်ယောက်ကို ကူညီပါ ၅။ သီချင်းနားထောင်ပါ ၆။ အခန်းသန့်ရှင်းရေးလုပ်ပါ ၇။ တစ်နေ့တာ အစီအစဉ်ဆွဲပါ ၈။ သင့်ကိုယ်သင် မလုပ်နိုင်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်ထားတာတွေ လုပ်ပါ ၉။ ဘုရားရှိခိုးပါ (သို့) တရားထိုင်ပါ ၁၀။ အသက်ကို ခပ်ပြင်းပြင်းရှူပါ ©aungkyawzeya

Favorite Statuses from Facebook 1

Never beg someone to love or be with you, because when you do, you give them the power to use and walk all over you. When someone truly loves you, their actions will show and prove it to you, and you will never have to convince or beg them to love or be with you. True love is eternal, infinite, and always like itself. It is equal and pure, without violent demonstrations: it is seen with white hairs and is always young in the heart. - Honore de Balzac There's nothing quite so humbling as thinking you're completely over someone, then realizing you're not even close.

ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက်

Image
ကိုယ်ချစ်ရတဲ့သူက Aquarius (ကုမ်ရာသီဖွား) ဖြစ်နေရင် သတိထားရမယ့် အချက် ၅ ချက် -------------------------------- ၁။ သူတို့အတွေးနဲ့ သူတို့နေတယ် ကုမ်ရာသီဖွားတွေက သူတို့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေချင်ကြတယ်၊ သူတို့အတွေးတွေနဲ့ သူတို့ ပတ်ရှုပ်နေတယ်။ တချို့အချိန်မှာ အတွေးလွန်နေတယ် .. ဒါမှမဟုတ် ကိစ္စသေးသေးလေးကို ချဲ့ကားပြီး အများကြီးတွေးတတ်ကြတယ်။ ဒါပေမဲ့ သူတို့ကို အဲ့ဒါသွားမပြောနဲ့။ သူတို့ကို ကြည့်လိုက်ရင် အားလုံးနဲ့ အဆက်ပြတ်နေပြီး အေးစက်စက်နိုင်သလိုဖြစ်ပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ၂။ မျက်စိစုံမှိတ်ချစ်တာမျိုးကို မကြိုက်ဘူး ကုမ်ရာသီဖွားတွေက လက်တွေ့ကျကြပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေထဲက တစ်ခုပါပဲ။ အပိုတွေ၊ အပေါ်ယံဆန်တာမျိုးကိုလည်း မလိုလားဘူး။ သူတို့က တကယ့် အချစ်စစ်မျိုးကို ခံစားချင်ကြတာပါ။ သူတို့ကို တိုးတက်စေအောင် ကူညီပေးမယ့် အဖော်မျိုးကို လိုချင်ကြတာပါ။ ကိုယ်သဘောကျနေကြောင်းကို သိသာအောင်ပြတာမျိုးကိုလည်း သူတို့က သဘောပေါက်မယ်မထင်ပါနဲ့။ ၃။ သဘောထားကွဲမယ့်ကိစ္စတွေကို ရှောင်တယ် ကုမ်ရာသီဖွားတွေက သဘောထားကွဲဖို့ အချိန်မရှိကြပါဘူး၊ အားလုံးကို မျှမျှတတနဲ့ ပြေလည်သွားစေချင်ကြတယ်။ ပြဿနာတက်ဖို့် ဖြစ်လာပြီဆိုရင်

အာလူး၊ ကြက်ဥ နဲ့ ကော်ဖီမှုန့်

Image
တစ်နေ့မှာ သမီးဖြစ်သူက သူ့ဘဝဟာ စိတ်ချမ်းမြေ့စရာမကောင်းကြောင်း၊ ဘာဆက်လုပ်လို့ လုပ်ရမလဲမသိကြောင်း ဖခင်ဖြစ်သူကို မကျေမနပ်ပြောပြနေတယ်။ ဒီလိုဒုက္ခတွေ၊ စိတ်ညစ်စရာတွေကို အမြဲတမ်း ရင်ဆိုင်ဖြေရှင်းနေရတာ ပင်ပန်းနေပြီဖြစ်ကြောင်း ပြောပြတယ်။ ပြဿနာတစ်ခုကို ရှင်းပြီးတာနဲ့ နောက်တစ်ခုက ထပ်ရောက်လာသတဲ့။ သူ့အဖေဟာ စာဖိုမှူးတစ်ယောက်ဖြစ်တယ်။ သူ့သမီးကို မီးဖိုချောင်ထဲ ခေါ်သွားပြီး ရေနွေး (၃) အိုးကို မီးရှိန်ပြင်းပြင်းနဲ့ တည်လိုက်တယ်။ ၃ အိုးစလုံးက ရေနွေးတွေပွက်ပွက်ဆူလာတော့ ပထမတစ်အိုးထဲကို အာလူး၊ ဒုတိယအိုးထဲကို ကြက်ဥ၊ တတိယအိုးထဲကို ကော်ဖီမှုန့်.. အသီးသီးထည့်လိုက်တယ်။ ပြီးတော့ ရေနွေးတွေကို ဆက်ပြီး ပွက်ပွက်ဆူစေလိုက်တယ်။ သူ့သမီးကိုတော့ စကားတစ်ခွန်းမှ မပြောသေးပါဘူး။ သမီးဖြစ်သူကတော့ စိတ်မရှည်စွာစောင့်ရင်း သူ့အဖေ ဘာလုပ်နေသလဲဆိုတာကို ခန့်မှန်းကြည့်နေတယ်။ မိနစ် ၂၀လောက်ကြာတော့ မီးအရှိန်ကို ရပ်လိုက်ပါတယ်။ ပထမအိုးထဲက အာလူးကို ဆယ်ပြီး ပန်းကန်လုံးထဲထည့်လိုက်တယ်။ ပြီးတော့ ကြက်ဥကိုလည်း ဆယ်တယ်၊ ပန်းကန်လုံးထဲထည့်တယ်။ ပြီးတော့ ကော်ဖီကိုတော့ ယောက်ချိုနဲ့ခပ်ပြီး ကော်ဖီပန်းကန်ထဲထည့်လိုက်တယ်။ သမီးဘက်ကိုလှည့်ပြီး... "

အချစ်ရဲ့ အရေးပါပုံ

Image
တစ်ခါတုန်းက စိတ်ခံစားချက်အကုန်လုံးဟာ အားလပ်ရက်အတွက် ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြတယ်။ သူတို့ရဲ့ သဘာဝအခြေအနေအရ အာလုံးက ကောင်းမွန်နေကြတယ်။ ရုတ်တရက် မုန်တိုင်းသတိပေးချက်က ထွက်ပေါ်လာပြီး နီးစပ်ရာ ကမ်းခြေတစ်ခုမှာ ပြောင်းရွေ့နေဖို့ အကြံပေးလာတယ်။ အဲ့ဒီကြေညာချက်က အားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့တယ်။ အားလုံးက လှေတွေဆီကို အမြန်ပြေးသွားကြတယ်။ ပျက်စီးနေတဲ့ လှေတွေကိုတောင် အမြန်ပြင်စေပြီး တာဝန်ခွဲဝေစေခဲ့ပါတယ်။ ဒါပေမဲ့ "ကိုအချစ်" က အမြန်ထွက်ခွာသွားဖို့ ဆန္ဒမရှိပါဘူး။ လုပ်စရာတွေ အများကြီးရှိသေးတာကိုး။ ကောင်းကင်ကြီးက မည်းမှောင်လာမှ ထွက်ခွာဖို့ အချိန်တန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ စိတ်မကောင်းစရာပါပဲ... အပိုလှေ မရှိတော့ပါဘူး။ "ကိုအချစ်"က "ကိုမျှော်လင့်ချက်" နဲ့ နှစ်ယောက်သား လိုက်ရှာကြည့်နေပါတယ်။ "ကိုချမ်းသာ" ကတော့ တန်ဖိုးကြီးလှေကောင်းတစ်ခုနဲ့ ဖြတ်သွားပါတယ်။ "ကိုအချစ်" က လှမ်းအော်လိုက်တယ်... "ဗျို့... ကိုချမ်းသာ.. ခင်ဗျားရဲ့လှေနဲ့ ကျုပ်ကို ခေါ်သွားနိုင်မလား။" "မရပါဘူး..." ကိုချမ်းသာက ပြန်ဖြေတယ်.... "ကျုပ်လှေက အဖိုးတန်ပစ္စ

နာကျင်မှု

Image
သိနေရတာကိုက နာကျင်နေတာ .. မနာကျင်ချင်လို့ မသိချင်ယောင်ဆောင်ထားတာ .. ထပ်နာကျင်မှာစိုးလို့ ထပ်သိဖို့မကြိုးစားတော့တာ ..

အချစ်စစ်ကို ရှာဖွေခြင်း

Image
ဒီဇာတ်လမ်းလေးကတော့ အချစ်အကြောင်းပါ။ အန်နာ (Anna) ဆိုတဲ့ ၁၄ နှစ်အရွယ် ကောင်မလေးအကြောင်းကို အရင်ပြောကြတာပေါ့။ အန်နာ ဆိုတာက ညီမလေးတစ်ယောက်နဲ့အတူ သူ့ရဲ့ ၁၄နှစ်သမီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူတစ်ယောက်ပါ။ ကဗျာဆန်ဆန် အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တဲ့ အန်နာရဲ့ စိတ်ကူးစိတ်သန်းတွေကို အချစ်စစ်ရှာဖွေရမယ်ဆိုတဲ့ အသိက လွှမ်းမိုးထားပါတယ်။ ဒါပေမဲ့ သူကြုံတွေ့နေရတဲ့ သူ့ပတ်ဝန်းကျင်ကတော့ စိတ်ပျက်အားလျှော့ချင်စရာပါပဲ ... သူ့ဖေဖေနဲ့ မေမေက အရင်တုန်းကလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြတော့သလိုဖြစ်နေတယ်၊ မတော်တဆမှုတစ်ခုကြောင့် သူ့မေမေက wheel chair ကိုပဲ အသုံးပြုရတော့တဲ့ အချိန်ကတည်းကပဲ ဆိုပါတော့ .... ။ အန်နာ သတိထားမိနေတာတော့ ကြာပါပြီ၊ ဖေဖေက မေမေ့အပေါ် အရင်တုန်းကလိုမျိုး ကြင်နာမှု မရှိတော့ဘူး၊ မေမေနဲ့ အတူရှိတဲ့အချိန်ကလည်း နည်းသထက်နည်းလာတယ်၊ တစ်ခါတစ်လေဆိုရင် မေမေက သူ့အိမ်အလုပ်တွေနဲ့ အခက်အခဲဖြစ်ရင် .. ဥပမာ ပစ္စည်းတစ်ခုခုကျနေလို့ ကောက်ဖို့ ခက်ခဲနေရင်ပဲဖြစ်ဖြစ် ... ဖေဖေက မသိသလိုပဲနေနေတယ်။ အန်နာတစ်ယောက် မေမေ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဖေဖေနဲ့မေမေက အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် အပြုံးချင်း ဖလှယ်တာမျိ