ဖက်တီးမကြီး
(လူတစ်ယောက် လှတယ် မလှဘူးဆိုတာကို အပြင်ပန်းနဲ့ ဆုံးဖြတ်တာ ခဏပါပဲ... စိတ်သဘောထား၊ နှလုံးသားလှရင် လူတိုင်းကို တစ်သက်လုံး အမှတ်ရနေစေမှာပါ) 'နေကောင်းလား..' အမျိုးသမီးတစ်ဦးက တစ်ချက်ပြုံးပြပြီး ပြောပြောဆိုဆိုနဲ့... ကျွန်မဘေးမှာ လာထိုင်တယ်။ ထိုင်ခုံနဲ့ဆန့်အောင် တဖြည်းဖြည်းထိုင်ချနေတယ်။ ခုံရဲ့နေရာအပြည့်ကို သူ့ခန္ဓာကိုယ်ကြီးက ယူလိုက်သလိုပါပဲ။ သက်တောင့်သက်သာဖြစ်သွားပြီဆိုတော့မှ သူ့ရဲ့ လက်မောင်းကြီးကို လက်တင်ခုံပေါ်တင်လိုက်တယ်။ သူက ဝလွန်းနေတော့ .. ကျွန်မနေရာလေးတောင် ကျဉ်းသွားသလိုပါပဲ။ ဒါနဲ့ ကျွန်မလည်း ပြတင်းပေါက်ဘက်နားကို တိုးကပ်နေလိုက်တော့တယ်။ သူက ကျွန်မဘက်ကို ကပ်လာပြီး ပျော်ပျော်ရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ အသံကြီးနဲ့ ထပ်နှုတ်ဆက်ပြန်တယ်။ သူရဲ့မျက်နှာကြီးက ကျွန်မခေါင်းအပေါ်ကို အုပ်မိုးထားသလိုပါပဲ၊ သူက ကျွန်မကို ပြန်လှည့်ကြည့်အောင် အတင်းကြိုးစားနေတယ်။ ကျွန်မကလည်း "ဟုတ်.." လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ပါတယ်။ သဘောမကျကြောင်း သိသာစေတဲ့ ပုံစံနဲ့ပေါ့။ ကျွန်မလည်း ပြတင်းပေါက်အပြင်ကိုသာ ငေးနေလိုက်တယ်၊ ကျွန်မပုံက သုန်သုန်မှုန်မှုန်ဖြစ်နေတယ်... စဉ်းစားကြည့်ကြည့်ပါ ဘေ